Monday 25 November 2013

21

)    21    (
အရင်စိတ်နဲ့
ဒီအင်္ကျီကိုဝတ်လို့သင့်တော်ပါဦးမလား
သွန်လိုက်တဲ့ဆေးလိပ်ခွက်ဟာ
အလိုလိုပြန်ပြည့်သွားတယ်
ညာဘက်ပုခုံးပေါ်လာနားတဲ့နံနက်ခင်း
ဘယ်ဘက်ပုခုံးပေါ်ကထပျံသွားရတဲ့ညနေ
လူပြန်ဝင်စားတော့မိုးတောင်ချုပ်တော့မယ်
ကြားထဲကအသက်ရှုသံတစ်ခုလို
လျှောကျသွားတာပါပဲ
လျှော့ချထားတာပါပဲ
လျော့ကျသွားတာပါပဲ
စစ်နဲ့ငြိမ်းချမ်းရေး
နှစ်ခုလုံးကိုမမှီခဲ့ဘူး
ဝမ်းနည်းခြင်းဟာရုပ်သေနဲ့
လူမသိသူမသိ
သေဆုံးသွားကြတဲ့အနုပညာအတွက်ငိုမယ်
ပစ်မှတ်သေဖြစ်နေတဲ့
ခံတပ်လို
ပျံတက်ချင်တဲ့စွန်ကလည်း ငါပဲ
ပျက်ကျချင်တဲ့ငှက်ကလည်း ငါပဲ။


တယ်ရီ

No comments:

Post a Comment