Saturday 2 February 2013

"စီတန်း လှည့်လည်ခွင့်"

  • စီတန်း လှည့်လည်ခွင့်


မဆိုင် တဲ့ ဂလိုင်ကို
ရွေးရွေးခေါက်နေတယ်
ကိုယ်ဟာ
ဆယ်တန်း ကျောင်းသား
လက်ထဲမှာ ဥပဒေ စာအုပ်နဲ့ အတန်းသားအခွင့်အရေးကို
ကိုယ်သိတယ်
ဆရာမတွေရဲ့ ကျင့်ဝတ်ချိုးဖေါက်မှုလား
ကိုယ် စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့
ဆန္ဒ
ထုတ်ဖေါ်မယ်
ကျေက်မီးသွေး တွေ
ကျောင်းလခတွေ
သန့်ရှင်းရေးကြေးတွေ
အိမ်သာဆေးရမှုတွေ
ကြက်ဆူပင်တွေ ကြားမှာ
တစ်ကိုယ်တော် ဆန္ဒ
ထုတ်ဖေါ်မယ်
ကိုယ်ဟာ ဒဿမတန်း ကျောင်းသား တစ်ယောက်ပဲ
နိုင်ငံတော်တွင်း ထင်လင်း ရှိရမည်
င့ါရဲ့ ရေပေါ်ဆီတွေ က ကာတွန်းထဲမှာ။


မောင်မြတ်သူ

No comments:

Post a Comment