Wednesday 23 May 2018

ဝေးသွားတယ်ဆိုတာ...(တယ်ရီ)


ဆိုလို့ကောင်းရုံသီချင်းနဲ့
နားထောင်လို့ကောင်းရုံပုံပြင်
စိတ်ကူးထဲကစွန်တွေ
စိတ်ကူးထဲမှာပျက်ကျကုန်တဲ့အကြောင်း
စိတ်ကူးလို့တောင်မမြင်နိုင်တော့တာ
နာမည်လေးလှမ်းခေါ်ချင်တဲ့ဆန္ဒနဲ့
မကြားပါစေနဲ့ဆုတောင်းနေတဲ့မာန
လီးပဲကွာ လို့ကြားအောင်အော်ဆဲရင်း
ရှိုက်ကြီးတငင်ငင် မကြားအောင်
ကိုယ်စီငိုကြွေးရတာ
ဖျက်စီးပစ်ခဲ့တဲ့ငြမ်းတွေကို
တိုက်အသစ်ပေါ်ကနေ
နောင်တရရတာ
အရင်းနှီးဆုံးအရာကို
သူစိမ်းရှု့ထောင့်ကနေ
ပြုံးပြီးကြည့်ရတာ
အတိတ်ဟာ
တကယ်ရောတိတ်ဆိပ်ရဲ့လားလို့
ချောင်းပြီးကြည့်ရတာ
အသံတူနာမ်တူရင်
လှည့်ကြည့်မိပြီးမှ
ကိုယ့်ကိုကိုယ်ရှက်ရတာ
ကြေမွနေတဲ့ကိုယ့်နံရိုးကိုယ်ကြည့်ရင်း
အားရပါးရမျက်ရည်ကျအောင်ရယ်မောရတာ
ရုပ်လောကရဲ့ဝိဥာဉ်ဆန်တဲ့
အထိအရှ
ကျကွဲသွားတဲ့ကော်ဖီခွက်ကို
နောက်ဘဝထိသိမ်းထားရတာ
တိုက်ပေါ်ကခုန်ချပြီးမသေသွားတာ
ပြာကျမသွားတဲ့အိပ်ရာ
အနက်ရောင်သက်တံ
စောက်ကျင့်မကောင်းတဲ့အိမ်နီးနားချင်းနဲ့
ဘုရားကျောင်းအတူသွားရတာ
ဝေးသွားတယ်ဆိုတာ.................။
တယ်ရီ
၅ ၈ ၂၀၁၆

No comments:

Post a Comment