Saturday 29 March 2014

ဘာမှစားစရာ မရှိတဲ့ အိမ်မှာ

ဘာမှစားစရာ   မရှိတဲ့  အိမ်မှာ

အိပ်ရာပေါ်မှာ အသေအချာတွေး နေမိတာ ဒီအကြောင်းပဲလမ်းဘေးအုတ်ခုံပေါ်မှာ
ဘယ်လို ကျော်ဖြတ်ရမလဲပေါ့ ဒါဟာ သန်းခေါင်နက်နက်ကြီးပေါ့ တစ်ခုခုကိုလွယ်
လိုက်ရအောင်လဲ တစ်ခုခုမှ အဆင်သင့် မရှိဓာတ်လိုက်တာက မှောင်တာ
တွေလင်းတာတွေ မသိဘူး ဘာဖြစ်ချင်ကြတာလဲဘာ ဖြစ်စေချင်ကြတာလဲ
ဘာမှ စားစရာ မရှိတဲ့အိမ်မှာ အားလုံးဆာလောင်နေကြ သင်ဟာ သင် နဲ့
အတူတူ မီးဖိုချောင်မှာ ရပ် နေမိတယ်ဘာ ကောင်းမလဲပေါ့
မီးဖို ချောင်မှမရှိတာ ရပ် နေမိတယ်ဆာလောင်ပုံ ဟုတ်တယ်
တူတယ် မဟုတ်ဘူးမတူဘူး ကိုယ် ကိုယ် ချင်းပဲ စာနေတာပါ
ဆာလောင်နေတာ ဟင်းသီး ဟင်း ရွက် အသားငါးနှစ်ချို့ဝိုင် ဘာလေးဖြစ်ဖြစ်
ရပ်ကြည့် သူများရဲ့ အမြင်ဟာ ရပ်ကြည့်သူများပဲဘာရှုခင်းမှ မလှဘူး
မြောက်လေဟာ ချမ်းစရာကောင်းလိုက်တာ မဟုတ်ဘူးလားပြတင်းပေါက်အတွင်းမှာ
အမိုးမရှိ အကာမရှိ အနွေးပေးစက်ဖွင့်ထားပေမယ့်လက်ဖျားတွေ ထုံကျင်နေတုန်း
နှင်းတွေထဲမှာ လက်ဖ၀ါး ပွတ်သတ်နေလိုက်တာမီးခတ်ကျောက် နှစ်ခုလို မီးပွားတွေ
လွင့်စင် သွားပြီး သစ်ရွက်ခြောက်တွေလောင်ကျွမ်း မသွားဘူး ဆာလောင်နေပုံ
ရေခဲမုန့် ကို ထုတ်လိုက်တော့                 လက်ချောင်းတွေကိုလျက်နေရတာ
အာလူးကို ကြည့်ပြီး ငါ့တို့ ကြည့်ပြီးရင်းကြည့်ရုံသာ ငါက
ခွက်ကောက်ရတော့ ငါက ခွက်ပျောက်သွားတယ်မတရားမှု
ဖြစ်နေတဲ့အချိန်မှာ ပွဲကြည့် မတရားမှုကျူးလွန်သူပဲအကယ်၍
နတ်ဘုရားတွေဟာ ငါတို့သာကြည့်ရှုနေရင်မယ်ဆိုရင်
Oh-my-GoD!!!!!!!!!!
Mygodold  လို့ရေ/းလိုက်တယ် ဖြစ်လား မဖြစ်လည်း မတတ်နိုင်
အေးခဲပြီးသေသွားပစေ ဆာလောင်ပြီးသေသွားပစေအသက်ကြီးပြီးသေသွားပစေ
ဘာမှစားစရာ မရှိတဲ့ အိမ်မှာ စားစရာတွေအပြည့် နဲ့

တယ်ရီ
၁၇.၂.၂၀၁၄

ဘာမှမဟုတ်သေးလို့၊သြော်၊ဆင်ထားတဲ့အရိုးငြမ်း

ဘာမှမဟုတ်သေးလို့၊သြော်၊ဆင်ထားတဲ့အရိုးငြမ်း



ပေါင်းတတ်ရင် ပေါင်းတတ်သလိုပေါင်းခံပုံအဆင့်ဆင့်နဲ့

ဆိုရှယ်စက်ဝိုင်း မှာမှန် ကြည့်ပြီးမှန် မမြင်ရပုံ

ရေကနေအဓိက ပြုလုပ်ထားပါတယ် ဆိုတဲ့အကြောင်း

ချူဖို့မဟုတ် စည်ဖို့အတွက် ချူ ဆီ / ချောဆီ

အဲ့လို၊အဲ့လိုပြောလိုက်ရင်၊အဲ့လိုပြောလိုက်တော့

ဘာတွေရဖို့ ဘာတွေပေးခဲ့သလဲသမိုင်း ပြတိုက်လား

လွှတ်တင် ဆဲဆိုဖို့ အတွက် နေ့ကောင်းရက်သာရွေးထားပြီးမှ

မျိုးတူစု၊ခွေးတိုင်းခြင်္သေ့ပဲ၊ငါ့အရေပြားတောင်မသိပဲ

မျိုးရိုးဗီဇလှုပ်ခါပုံလေ့လာဖို့တဲ့

အို…………………မွေးရာပါသိမှုလွန်ထူးချွန်သူကြီးငဲ့

တိကျတဲ့ မေးခွန်းဟာဘယ်အရပ်မှာဘယ်ဒေသမှာ

အတွင်းအားကိုခိုးပြီးအားသွင်းခြင်းအလွန်

Only me?ပါးစပ်ကိုလက်ကလေးကွယ်ပြီးရီရင်း

ငါ့ဦးနှောက်ဟာစာအုပ်စင်ကြီးပေါ့ အတွေး

အခေါ် ကလွဲရင် ကျမ်းကြီးကျမ်းငယ်

အသံသွင်းပြီးသိမ်းထားတဲ့သော့

ကျပျောက် သေတ္တာကြောက်ရွံ့မှုကိုကြောက်ရွံ့နေတဲ့ရောဂါ

Hint ပဲတောင်းချင်နေတာခက်ဆစ်ပဲသိချင်နေတာ

ရေးသူရဲ့ နောက်စေ့ကထွက်ကျလာတဲ့ ကျည်ဆံ

ဖုန်းထဲမှာလာမိတယ်၊ဘယ်လောက်ဈေးလဲဘယ်လို

ရောင်းလဲဘာမှမပေးရင် ဘာမှမရဘူး

ပြောပြီးဖုန်းချလိုက်တယ်

No internet connection ………………..

…………………………………………………………….

………………………../





တယ်ရီ

၂.၄.၂၀၁၄

အင်္ဂါ

အကြောင်းကြောင်းကြောင့်

အကြောင်းကြောင်းကြောင့်



မအားလပ်သည် ဖြစ်စေ မဆက်သွယ်နိုင်သည် ဖြစ်စေ

ထင်ထားသည့် မထင်ထားသည့်အတိုင်း ဖြစ်စေ

သီးနှံတွေ အပြည့် ရေမကြီးဘူး ဘယ်သူမှမပြောပဲ

ရေကြီးတယ် ဒါ အရေးတကြီး ကိစ္စလားဆို

မြေဟာ ကိုယ့်ကိုယ်ကို ပြန်မျိုတယ်

ထင်သွားရင်လည်း မတတ်နိုင်ဘူး အဖက်ဖက်က

တိမ် တိမ်တယ် ပေါ့ပါးတယ်ဆိုတာကလည်း

နီးပြီလား ဝေးရမှာလား မခံနိုင်ဘူး

နိုင်ရင် အနိုင် ကျင့်တာ ရှုံးရင် အရှုံး ကျင့်တာပေါ့

ပေးထားသည့် ရက်စွဲများကို အကန့်အသတ်မရှိ

ခေါင်းဘီး ကို တဖျတ်ဖျတ် ဖီး နေရင်း ရေသေ

အကာအကွယ်သုံးချိန် မရလိုက်ပဲ

တစက်ချင်း ကျနေတဲ့ ရေပိုက်ခေါင်းဟာ ရသ

တစ်ခု ကိုပေးနေတယ်ဆိုရင် မေးခွန်းက

အ၀ိုင်းပတ် ထဲက မထွက်တတ်ဘူး

လက်ခံထားဆဲ ။ လက်နဲ့ဖြန့််ခံထား ။ လက်ချောင်းများ ။

တတိယစိတ်ကို လက်ထဲ လုံးခြေ

တတိယနိုင်ငံကို သွားဖို့ မိဘပေးတဲ့ နာမည် မဟုတ်ဘူး

တတိယခြေထောက် တစ်ချောင်း ပုံသွင်းနေတုန်း

ဒရုန်း(န်)များ သိမ်းငှက်များ မီးတောက်များ အမှိုက်စများ

ဝဲ

သံချောင်းကို နာမည်ပြောင်း ခေါ်လို့ပျော့မသွားဘူတဲ့

တနေရာရာကို ရောက်သွားပြီ ဆိုကြပါစို့

ပင်မှည့်ပါ ဒါဟာ /ပင်မှည့်ပါ

စို့သပ်ထားတဲ့ လက်ဖ၀ါးပေါ် အရေးအကြောင်းကို

ဖျော်သောက်လို့ ရသ လို ကွမ်းထဲထည့် စားလို့

ဓါးနဲ့ ထစ်ခဲ့မိမှန်းမသိ ဘာအစာမှတပ်မထားတဲ့

ချိတ်မှာမိရင်း နေ့တိုင်း အစာ ကျွေး နေရတာ

အဲ့လောက်မပိန်းစမ်းပါနဲ့ ပိန်းတယ် ပိန်းတယ်

တောင်တန်းတွေနဲ့ မျက်နှာချင်းဆိုင် တွေ့

နေရပေမယ့် နေကြာတွေရဲ့ နေဟာ

ကြာလေ နှေးလေ ဝေးလေ ကြာလေ

(ငါ ) မပျော်ဘူး ရွှင်ရင်အကုန်ရတဲ့ မြို့ပျက်ပြထဲ

လူတွေရဲ့ လှုပ်ရှားမှု့ကိုသာ အတုခိုးမှတ်သားတတ်ပြီး

ဆေးလိပ်ထဲ မီးတောက်ဘယ်လို အသွင်ပြောင်း ၀င်ရောက်ကြောင်း

Daemon tools နဲ့ လုပ်ထားတဲ့ မှတ်ဥာဏ်အတုနဲ့

သိတဲ့သူလည်း ပြော မသိတဲ့သူလည်း ပြော

ဆန်းပြားမှု့ ရိုးစင်းစွာ သူ့ဆီ

ဒါ တစ်ယောက်ယောက်နဲ့ တူမနေဘူးလား သိ

ဆက်(ရှ်)(စ်) အင်ဂျင်ထဲ ကိုင်စရာ တန်းမရှိတဲ့ ဘတ်စ်ပေါ်

ရှုခင်း ဟာ ပြတင်းပေါက် တစ်ပေါက် စာ သာသာ

သာတယ်နာတယ် မတွေးပါနဲ့ အခြေအနေအရ

လက်ယာလက်တွင်လက်ခလည်တစ်ချောင်းသာရှိ

မှတ်တိုင်ပါလည်း ရပ်ပြီ မဆင်းဘူး

မယိုင်ဘူးဆိုတာ ရူးလို့ပဲ နေ့ချင်းပြီး လက်ဗွေသစ်များ နဲ့ အတူ

အကြောင်းကြောင်းကြောင့်။





တယ်ရီ

၁.၁၀.၂၀၁၃