Monday 28 January 2013

"မသာတဲ့လား ။ လန်းတယ်"

  • မသာတဲ့လား ။ လန်းတယ်

အခြေအနေကို စောင့်ကြည့်လို့များ ရမလား
ယိုင်ပတ်တာလား
အေးမသာလား
မြေပုံပေါ်မှာ မှတ်တိုင် နဲ့နဲ့လေးလား
ဂူကြီးကြီးလား
လိုက်ပို့သူမရှိလား
ရေအိုးခွဲမှာလား
သုံးရက်ထားမှာလား
ခုနှစ်ရက်ထားမှာလား
အမျိုးတွေ စောင့်မှာလား
ရလာမှာက သားလားသမီးလား
မိန်းမကော ရအုံးမှာလား
သားကျွေးမှု မယားကျွေးမှု ပြုလို့ရအုံးမှာလား
တိုင်းပြည်ကို အကျိုးပြုမှာလား အကျိုးမဲ့စေမှာလား
ပြည်ပခရီးကော ထွက်ဖြစ်မှာလား
ပြည်တွင်းမှာကော နေရာအစုံ ရောက်အုံးမှာလား
ပြည်တွင်းစစ်ကော ကြုံအုံးမှာလား
ငြိမ်းချမ်းရေးခရီးသည် ဖြစ်အုံးမှာလား
ဂြိုဟ်စီး ဂြိုဟ်နင်း ကောင်းအုံးမှာလား
အညံ့တွေ လွတ်မှာလား
စီးကရက်တွေ အသောက်လွန်ပီး သေမှာလား
စီးကရက်တွေ မသောက်ပဲ သေမှာလား
အရက်တွေ အလွန်အကျွံများသောက်အုံးမှာလား
မသောက်မစား လူ့ငနွားကြီးဖြစ်အုံးမှာလား
အစိုးရ အလုပ်ကို စောင့်နေရမှာလား
လူဝင်မှု ကြီးကြပ်ရေးမှာ နိုင်ငံသားဖြစ်ခွင့်တောင်းရအုံးမှာလား
လိင်တူများ ဆက်ဆံမိမှာလား
ကူးစက်ရောဂါတွေ မိအုံးမှာလား
ကုန်ဈေးနှုန်းကြိး ကျပီးမှလား
မနက်ဖြန်လား
အလောင်းကို ရေများ ချိုးပေးအုံးမှာလား
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီရဲ့ စောင့်ရှောက်မှု အောက်မှာပဲလား
အဖေ အမေ နှင့် ဆွေမျိုးညာတိက မိတ်ဆွေ သင်္ဂဟ
ဆိုတာတွေ ရှိများ ရှိအုံးမှာလား
နေ့ချင်းပြိးပဲလား
အလာဟ်အရှင်မြတ်ရဲ့ အမိန့်တော်ပဲလား
ခရစ်တော်မှာ အိပ်ပျော်ရမှာပဲလား
ဘ၀တပါးသို့ ပြောင်းရွှေ့ကွယ်လွန်မှာပဲလား
ပြီးပီတဲ့လား
ငါ ပြောင်းသွားတာလား
ကူးသွားတာများလား
အပြစ်ကို စီရင်ခံဖို့ စောင့်နေရမှာလား
ဒီဘက်ခန်းကနေ ဟိုဘက်ခန်းကိုများလား
ဖဲတွေရိုက်အုံးမှာလား
ကောင်းမှုတွေကို ချီးမွမ်းခံရမှာလား
တစ်ရက်လား တစ်နှစ်လား တစ်လလား တစ်ကမ္ဘာလုံးဆုံးသည်ထိလား
သေရင် သေတယ်ပေါ့
လန်းတယ်။

  • မောင်မြတ်သူ

No comments:

Post a Comment