Wednesday, 23 May 2018

ပေးစာ (တယ်ရီ)

အိပ်မက်တွေဟာ သေတတ်လား ....
အမှန်တိုင်းပြောပြော လိမ်ပြောပြော
ငါတကယ်မသိဘူး 
၂၀၁၀ဟာနောက်ပြန်လျှောက်ရင်းငါ့ဆီရောက်လာတယ် ဘာတွေတကယ်ဖြစ်ခဲ့လည်း ငါမသိဘူး သူတို့လည်းမသိဘူး သူတို့ကိုယ်တိုင်လည်းမသိဘူး
ငါရှင်သန်လာတဲ့အချိန်မှာ သူတို့သေဆုံးသွားပြီး
ငါသေဆုံးချိန်သူတို့ရှင်သန်လာတာကို
အထီးကျန်ခြင်းလို့ စောက်အဓိပ္ပါယ်တွေ ငါလျောက်ဖွင့်ဆိုမိတော့တာပဲ။
သဲနာရီကိုခွဲပစ်ပြီးအချိန်တွေကိုလိုက်ရှာဘူးလား


အဟက်

ဘယ်လောက်ရှိုက်ရှိုက်အငွေ့ပါမလာတဲ့ဆေးလိပ်ကိုသောက်ဖူးပြီလား

အဟက်
"ကိုယ့်အလှည့်ရောက်မှရုတ်တရက် အ သွားတဲ့ နံရံတွေကို ခင်ဗျားမြင်ဖူးပြီလား
အဟက် အဟက် ။
"ကျုပ် စောက်ဖက်မလုပ်ချင်သူတွေကို ဘယလိုတုန့်ပြန်လဲ"
ခင်ဗျားမေးတုန်းက
ကျုပ်ဘာမှပြန်မဖြေခဲ့တာမှတ်မိလား
ကျုပ်လည်းနိုင်ဂံခြားဟာသထဲကဒိုင်တွေခိုးချထားတာ ခင်ဗျားမသိလို့ပါ
မမှတ်မိလည်းကျုပ်တို့ဆက်တွေ့နေရဦးမှာပဲ
ခင်ဗျားကောကျုပ်ကော နှစ်ယောက်လုံးမမြင်နိုင်တဲ့ရှု့ထောင့်ကနေ။
ဒါကြောင့်လည်း ခင်ဗျားကို ချစ်တယ် လို့ ပြောပြီး ခင်ဗျားရှေ့မှာ ဘဝအဆက်ဆက်ပေါ်မလာတော့တာ ။
ရေးခဲ့ဖူးသမျှစာတွေကို ခင်ဗျားလိပ်စာနဲ့ပို့လိုက်တယ်။
ခုလောက်ဆို ခင်ဗျားလည်း မနေ့ကစာတိုက်မီးလောင်သွားတဲ့ကိစ္စသတင်းတွေထဲက ကြားမှာပါ ။
ကျုပ်ပျော်ရွှင်ပါစေလို့ခင်ဗျားဆုတောင်းပေးပါ။။။
တယ်ရီ

No comments:

Post a Comment