Wednesday 23 May 2018

"မပိုင်ရပေမယ့်စွန့် လွှတ်ရတာကိုလည်းငါကျေနပ်ပါတယ်..." တယ်ရီ

လိုအပ်သေးရင်ထပ်ယူသွားပါ…..။
ငါမပေးခဲ့ဘူးလို့တော့
မစွပ်စွဲလိုက်ပါနဲ့ ။
မင်းမသိလို့
မရှိခဲ့ဘူးလို့ထင်တာပါ
ငါ့ရဲ့ …ချောကလက်လေး…ရယ်….။
မဖြစ်နိုင်မှန်းသိပေမယ့်
ရှေ့ဆက်တိုးတယ်ဆိုကတည်းက
ဘယ်သူနဲ့မှမတူတဲ့သတ္တိမျိုး
ရှိတယ်ဆိုတာတော့…နင်သိသင့်တယ်…။
သို့ ပေမယ့်လည်း…….
အခွင့်အရေးဆိုတဲ့ကောင်က
ငါ့ကောင်းကင်မှာမှ
လာခေါင်တယ်……………….။
ချောကလက်လေး….ရယ်…..
နားလည်မှု့ ဆိုတာ
အားနည်းချက်ရှိသူချင်း
လုပ်တဲ့အပေးအယူတစ်ခုပါ..။
မင်းဆန္ဒတစ်ခုတည်းအတွက်ပဲ
အမြင်နှစ်ဖက်လုံးကို
လက်ဖမိုးအဖြစ်
ငါပြောင်းလဲခဲ့ပါတယ်………။
ငှက်တစ်ကောင်ရဲ့ စကားနဲ့ 
ပြောရရင်…..
သူအကြာက်ဆုံးနဲ့ 
သတိရဆုံးအရာဟာ
ပထမဆုံးစမှန်တဲ့
ခဲတစ်လုံးပဲ……..
ဖြစ်လိမ့်မယ်……………။
မင်းပြောခဲ့သလိုပေါ့
“ငါနင့်ကိုမချစ်လို့ တော့
နင်သေမသွားနိုင်ပါဘူး”တဲ့
ဟုတ်ပါတယ်………။
ငါမသေခဲ့ပါဘူး….
ရင်ခုန်ခြင်းနဲ့ အသက်ဆက်ထားတဲ့
စိတ်တစ်ခုကလွဲရင်ပေါ့……………။
မျှော်လင့်ခြင်းလို့ ပဲ
ခေါင်းစဉ်တပ်ထားပါတယ်။
ဇောက်ထိုးဖြစ်သွားတဲ့
ကံတရားမှာ
ခံစားမှု့ ဆုံးပါသွားပေမယ့်
ငါနင့်ကိုလွမ်းနေပါသေးတယ်….
ချော……
က…
လက်….
လေး…
ရယ်………….။
.
တယ်ရီ
4.4.2011

No comments:

Post a Comment