Friday, 28 August 2015

ငါ့မျက်လုံးတွေက ငါ့အိပ်ရာကို ၃၆ကားနဲ့သယ်သွားတယ်

လူဖြစ်လာထဲက တခါမှမကြုံဖူးတဲ့ တအံ့တသြတွေ တလုံးတခဲဝင်ဆောင့်
ဆေးခြောက်လည်းမရှုဖြစ်၊ ရည်းစားလည်းမထားဖြစ် ၊ ဘုရားလည်းမသွားဖြစ်၊
ဘတ်စကားစပယ်ယာနဲ့လည်းစကားမများဖြစ်၊ စစ်သတင်းတွေတွေ့ရင် ကျော်ဖတ်၊
အိမ်ပြန်ချိန်သီချင်းကို ကျော်ဖြတ်၊ ထူးထူးဆန်းဆန်းနည်းတွေနဲ့ မထူးမဆန်းကဗျာတွေကိုရေး
ဒါတောင် ငါတရေးမှ မအိပ်ဖြစ်ခဲ့ဖူး။ ငါတရေးမှမအိပ်ဖြစ်ခဲ့တာ သုံးဆယ့်ခြောက်နာရီ သုံးဆယ့်ခြောက်မိနစ်နဲ့
သုံးဆယ့်ခြောက်စက္ကန့်တိတိ။ ငါမအိပ်နိုင်တော့လည်း သုံးဆယ့်ခြောက်ဘားစာ စကေးအပြည့်ပါတဲ့ ကဗျာကိုရေးပြီး
အိပ်ပျော်ဖို့ရာ သုံးဆယ့်ခုနှစ်မင်းထဲက သုံးဆယ့်ခြောက်ယောက်မြောက်နတ်ကိုပဲ ပူဇော်ပသမိနေပြီ။
ဒီကိစ္စတွေအကုန်လုံး ငါ့ရည်းစားဦးလေး (ငါက ရည်းစားအဖြစ်သတ်မှတ်) နောက်ဘဲတယောက်နဲ့ ဖေါက်ပြားဖို့ကြိုးစားတာကို
သိလိုက်တဲ့အချိန်ကနေရေရင် သုံးဆယ့်ခြောက်လတိတိ ပြည့်တဲ့နေ့မှာ စဖြစ်တာ။
Fuck U … Fuck U … Fuck U ဒီလို ငါ သုံးဆယ့်ခြောက်ခါတိတိရွတ်လိုက်တယ်။
ငါ့ရဲ့ သုံးဆယ့်ခြောက်ယောက်လောက်ရှိတဲ့ သူငယ်ချင်းတွေလည်း တစ်ယောက်မှ စောက်သုံးမကျဘူး။
တကယ်ဆိုရင် ငါ့မျက်ရည်တွေ လုံးကြီးပေါက်လှကျနေတာ ဒင်းတို့ သိသင့်တယ်။
အိပ်မရတာ ငိုစရာမဟုတ်ဘူး ပြီးတော့ ကိုယ့်ကိစ္စနဲ့ကိုယ်ငိုတာ သူတို့စောက်လုပ်မဟုတ်ဘူးလို့ သတ်မှတ်ကြပုံဘဲ။
ငါလည်း သူတို့စောက်လုပ်တွေကို ငါ့အိပ်ရာအောက်ပဲ ထိုးထည့်ထားလိုက်တယ်။
ဟော…
ငါသည်းကြီးမည်းကြီး ငိုလိုက်တော့ မြစ်တခွင်လုံးပြည့်ပြီး မြစ်ရေတွေတိုးသွားတယ်။
စိတ်ညစ်တယ်လို့ပြောလိုက်မိရုံနဲ့ နေမပွင့်တော့ဘူး။ ဘယ်သူ့ကိုမှ ဒုက္ခမပေးချင်လို့
ကိုယ့်မျက်လုံးနဲ့ကိုယ် မအိပ်ပဲနေနေတာတောင် မျက်နှာကျက်ပေါ်ထွေးလိုက်တဲ့ တံထွေးတွေ ငါ့မျက်နှာပေါ်ကိုပဲ ပြန်ကျ။
တလောကလုံးက ငါ့ကို သုံးဆယ့်ခြောက်နာရီစာအမုန်းတရားတွေနဲ့ တံထွေးထွေးပြီး ဂုဏ်ပြုချင်နေကြတာလား။
ဖြစ်သမျှဟာ စောက်ဆန်းကြီး။ အကုန်လုံးက အလွမ်းဇာတ်ခင်းတာကိုမှ ရှော့ရချင်ကြတယ်။
ငါက စောက်သုံးမကျလွမ်းပြီး အိပ်မရဖြစ်နေတာမဟုတ်ဘူး။ မိန်းမတွေရဲ့ အပျိုရည်ကို တပ်မက်နေတဲ့ လိင်စိတ္တဇကောင်တွေလို
ပွန်းတွေထိုင်ရှာပြီးလည်း အိပ်မရဖြစ်နေတာမဟုတ်ဘူး။ စောက်ဖြဲကြီးမဖြစ်ရလို့ စောက်ပြဲကြီးဖြစ်ပြီး
အိပ်မရဖြစ်နေတာလည်း မဟုတ်ဘူး။ ငါ့နာမည်ခေါ်ခေါ်သွားတာကို မကြားရတော့ဘူး။
ဖွင့်နေတဲ့ သီချင်းသံတွေကလည်း အသုဘအခမ်းအနားကို ပုံဖေါ်နေလို့။
ငါအိပ်လိုက်ရင် ကမ္ဘာကြီးက သုံးဆယ့်ခြောက်ပတ် တိတိလည်ပြီး ရပ်သွားမှာကိုတော့ ငါကြောက်တယ်။
သုံးဆယ့်ခြောက်ဂဏန်းက တော်တော်ကြမ်းတာပဲ။ သုံးရာ့ခြောက်ဆယ့်ငါးရက်ပြည့်ရင်ကော အိပ်ပြန်ရောက်မှာလား။
ဆေးလိပ်တွေရေလိုက်တော့ သုံးဆယ့်ခြောက်လိပ်။ ငါအိပ်မရတာလည်း သုံးဆယ့်ခြောက်နာရီတဲ့။
ဒီကဗျာကို ဖတ်ပြီးရင် သုံးဆယ့်ခြောက်ယောက်တိတိ ဝေလိုက်။



မောင်မြတ်သူ

No comments:

Post a Comment