ဘဝဟာ မီးနဲ့ခင်းထားတဲ့လမ်းပဲ
ရေခဲတွေနဲ့လည်း ဖြစ်ချင်ဖြစ်မှာပေါ့..
မိုးမမြင် လေမမြင်ဖြစ်ခဲ့တုန်းက
ရုန်းကန်သူဆိုတဲ့လိုင်းနဲ့ အရေးခံထားရတာ
သတိမထားလိုက်ဘူးမလား...
ငါတို့ဟာ ချစ်ခြင်းမေတ္တာကို
ရှု့မျှော်ခင်းနဲ့ထိုးစပ်ထားတုန်းက
လမ်းလျှောက်တတ်စအရွယ်ပဲ..။
အရာရာဟာ လစ်မစ်ရှိတယ်ဆိုတဲ့
စကားကိုစကြားဖူးတော့
ခံစားမှုအကြောင်းမသိတဲ့ကောင်တွေလို့ ပြုံးပြမိခဲ့သေးတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စိတ်ဝင်တစားကြည့်ချိန်ရောက်တော့
လောကဓံဆေးရုံပေါ်က ငှက်အိုတွေ
စာတတ်တယ်
ကဗျာဖတ်တယ်
ပန်းချီဆွဲတယ် ထအော်ကြတာပဲ
တကယ့် နံရံတွေ
အဲ့ဒီငှက်တွေဟာ
သင်ယူပုံရော သင်ယူနည်းရော မှားပြီး နောက်ပါကျနေခဲ့တာ
အချိန်ဟာ ရထားလို မှားပြီးဘူတာကျော်ရပ်လည်း
လိုရင်းကိုမရောက်တော့ဘူးမလား..
အိမ်ဝိုင်းတွေ အရင်လို မရှိတော့တဲ့ အထက်အညာဟာ
ကချင်နဲ့ရခိုင်ကို အခုမှစာနာရမှန်းသိသွားသလိုပေါ့
ရင့်ကျက်လာတယ်ဆိုတာ
စိတ်ဒဏ်ရာတွေ စိတ်အသားမာတက်ခြင်းတစ်မျိုးပဲ
တစ်နေ့နေ့တော့
အမှန်တရားဟာ ကာလပေါ်တေးတစ်ပုဒ်လို
ရွေ့လျားတင်ဆက်ပုံနဲ့ ဆင့်ကဲဖြစ်စဥ်သွားတူပါလိမ့်မယ်
ငါ့ခေါင်းပေါ် လေယာဥ်ပျံတွေ ဖြတ်ပျံသွားတဲ့နေ့ကလို
နာကျင်မှုမျိုးနဲ့။
မင်းခိုင်မြဲ 1:25AM
8.5.2023 Vietnam Dongnai Anchorage
No comments:
Post a Comment