Wednesday 23 May 2018

s u i c i d e " (တယ်ရီ)


အခြေအမြစ်မရှိတဲ့ ဝမ်းနည်းခြင်းဟာ
တငွေ့ငွေ့ထွက်တယ်ဆိုရုံ
လောင်နေတယ်
အော်သံမှာ
တကိုယ်လုံးဓားရှရာတွေနဲ့
အဖြူအမဲဓာတ်ပုံထဲက
အေးစက်နေတဲ့ စိတ္တဇ
ရောက်လာဖို့အတွက်
ပြန်ထွက်သွားရတယ်လို့ပဲ
သဘောထားလိုက်ပါတယ်
မျက်နှာပြင်ကိုပလုံစီတက်သွားတဲ့
ရေပူဖောင်းတွေကိုမြင်တိုင်း
ဒီနေ့ဟာဘာနေ့လဲ
နံရံတွေကို
သွေးရူးသွေးတမ်းခွာချပစ်ဖို့
မမြင်ရတဲ့ကျောပေါ်ကနံပါတ်နဲ့
ဖြစ်တည်မှု့ဟာဝိဥာဉ်လို
ဘာကြောင့်လဲမေးဖို့
အချိန်မရှိဘူး
ဘာမှမထူးဘူး
ဘယ်နေရာမှာမှရှိမနေခဲ့ဘူး
နာကျင်ခြင်းကလွဲရင်ဘာမှမရှိတော့အောင်
နာကျင်နေရတဲ့အခါ
ကမ္ဘာကခါထုတ်လိုက်တဲ့ပိုးမွှားအတွက်
ရုတ်တရက်လေငြိမ်သွား
တစ္ဆေ ဖြစ်မှာကြောက်လို့
တစ္ဆေဖြစ်သွားရတဲ့ မှတ်တမ်းတွေ။
တယ်ရီ
6.11.2013
11:00PM

No comments:

Post a Comment