Saturday, 2 February 2013

♥*´`*•.¸♥...♥ စိတ်ကစဥ့်ကလျား ရောဂါ ♥*´`*•.¸♥...♥

အိပ်မက် မက်ချင်မှတော့ အိပ်ပျော်အောင်အိပ်လို့ဘယ်ဖြစ်မလဲ ..
စင်ပေါ်က ခလောက် နဲ့ ပလ္လင်ပေါ်ကမျောက်
သူ့ဇယား နဲ့ သူပဲ ။

မဖား နဲ့ ပုံမှန်ပဲဆက်ဆံ
မနက်ဖြန် ဆက်ရန်ရှိမရှိကို
ရေဒီယိုကလဲမကြော်ငြာဘူး
သတင်းစာထဲလဲ ပါမှာမဟုတ်ဘူး ။

ကျွန်တော်ဟာ ရှစ်မျဉ်းစောင်း ( ၈/ )တံဆိပ်ရိုက်နှိပ်ခံထိတဲ့
မြန်မာပြည်သား ...။

ခင်ဗျားတို့လိုပဲ ဒီမိုကရေစီ ဆိုတာကြီးကို
ကြားဖူး ယုံ ဖတ်ဖူး ယုံ ...
ဗွီဒီယိုကြည့်ရင်လဲ နိုင်ငံရေးဦးတည်ချက်ကို
ကျော်ကြည့် ပုံ အားလုံးအတူတူပဲ ။

ခင်ဗျား အသက်ရူနှုန်းကို အကောင်းဆုံးမြှင့်တင်ပါ
သူလိုငါလိုစိတ်ကစားပါ...။

ခင်ဗျားကော ကျွန်တော်ကော
အရေးအကြောင်းဆို ကို့ကိုယ်ကိုချစ်တဲ့ စိတ်တွေ
အိပ်မက်တွေ လာပေးရင် အိပ်မက်မက်ချင်တဲ့စိတ်တွေ
ရှိတာ သေချာတယ် ...။

ကိုယ့်ထမင်းကိုစားပြီး ၀ါးလုံးခေါင်းထဲမှာ
လ သာဖူးတယ်
ရည်းစား တစ်ယောက် နှစ်ယောက်ထားဖူးတယ်
အတွေးတွေနဲ့ အိပ်ရေးပျက်ဖူးတယ်
ငါ့ကိုငါမှ ငါထင်ဖူးတယ် ။

ဘုမသိ ဘမသိ နဲ့
ဝ မရှိ ၀ိမဖြစ်ဆိုတဲ့စကား
ခင်ဗျား လက်ခံလား ?

မနက်ဖြန်ကျရင် အရင်လိုပဲ အင်္ဂါဂြိုလ်မှာဆုံကြရအောင် ။  ။

ဒီလူ(တောင်တွင်းကြီး)

" ခေတ် သားရဲ"

ဒီကဗျာကို ချရေးလိုက်ဖို့

ထောက်ရှု့ထားတဲ့ ထုလျှောက်လွှာလိုသေးသလား

ဖွတ်မိချောင်းဖြစ် မြစ်မချမ်းသာတဲ့

ခင်ဗျားတို့ပြောပြောနေတဲ့ ဘာသာဘာဝကြီးကနေ

သိမှု့ကိုတွန်းရွှေ့ကြည့်လိုက်တော့

အောက်ပါ အတိုင်း ထွက်ကျလာတယ်

အမိန့်အရ အချစ်လက်ထပ်ကတိပြုလွှာတဲ့ လားကွယ်

ဇွတ်ပဲ..

:) :) :) (ခိုင်မြဲ သုံးခါ တိတိ ပြုံး)

ဟိုက်!!! စောက်ရေးမပါတာတွေ စောက်ရေးပါလာရင်တော့

စောက်ပြသနာတွေတော့ တက်တော့မယ်

ဆိုးသလားဆိုကာ ထောင်းနေသူများ

အား...

ဒီနေရာမှာ အမိန့်အရများကို အမိန့်အရအပေါင်ဆိုင်က အစ

အမိန့်အရ အရက်ဖြူဆိုင် အလယ်

အမိန့််အရ ဖြိုးခွင်းခြင်း အလတ်

အမိန့်အရ ကိုယ့်အမေကိုယ် -ိုးဖို့ အဆုံး ထိ

ဆုံးသွားရာကို

စိတ်သွားရာအထိ ဘောလီဘော ပုတ်ကြည့်မယ်..

အထားနဲ့အနေနဲ့ အထိနဲ့အညှိနဲ့ဝါကျများ

ခင်ဗျားတို့ပြောတဲ့ ကပြုကြီးလား ဘာလား ညာလား မသိကြီးနဲ့

ခေတ်တစ်ခေတ်ရဲ့ သားရဲ ပီသဖြစ်ခဲ့တယ်။               ။


                               မင်းခိုင်မြဲ

"ဘုရားစာမဆိုပဲအိပ်ပျော်သွားတဲ့နေ့ကဧည့်ခန်းထဲဖိနပ်စီးဝင်လာတဲ့ကောင်တွေ"

Knock … knock တံခါးဟာသူ့အလိုလိုပတ်စပို့ပြခိုင်းတယ်

အဖြူရောင်ဟာအလင်းကိုမကြောက်လို့ ပိုမွှန်သွားရင်

အပြာဝမ်းဆက်ခါးမှာချိန်ပြီးတစ်ယောက်မှမထရ

မကောင်းဆိုဝါးလည်းရောက်မလာဘူးဘုရားလည်းရောက်မလာဘူး

အပြန်အလှန်ပစ်တယ်၊ပုန်းတယ်၊ပစ်ပြီးပြန်ပုန်းပြတင်းပေါက်ကခုန်ချ

လက်ပိုက်ရပ်နေတဲ့တစ်ယောက်ကငါ၊သေချာကြည့်နည်းနည်းပိန်တယ်

မကောင်းမှု့တစ်ခုခုလုပ်ထား/ခဲ့ဖူးသလား……စဉ်းစားစမ်း

Note ထဲမှာမှတ်ထားတဲ့(saw)ဇာတ်ကားရိုက်ဖို့ ရှိတာသွားသတိရတယ်

နံပါတ်တစ်ပိုက်ဆံမရှိဘူးနံပါတ်နှစ်ပိုက်ဆံမရှိဘူးနံပါတ်သုံးပိုက်ဆံမရှိဘူး

ခေါင်းပေါ်လက်တင်ပြီးသမ္မာအာဇီဝကိုပိုက်စိတ်တိုက်ပြီးရှာတယ်

သူတို့ ကကြက်ဖ၊ငါတို့ ကမင်းသားဘယ်တော့မှမသေဘူး

ပုံစံဟာငတ်လို့ လုပ်စားတာလို့ ကျမ်းကျိန်ဆိုတယ်

ပုံစံဟာရေခဲသေတ္တာမမြင်ဖူးဘူး

ပုံစံဟာဓါတ်ပုံရိုက်တတ်တယ်

ပုံစံဟာဒီလိုဖြစ်နေရမယ်လို့ ပုံစံကိုချီးကျူးတယ်

ပုံစံကမင်းတို့ ဟာငါတို့ မဟုတ်ဘူးလို့ အော်ပြောတယ်

ငါတို့ ဘာလို့ ပြုံးနေလဲပုံစံဟာစာမတတ်ဘူး

ထောင်ထားတဲ့ကျိန်စာတွေကိုပုံစံဟာအငမ်းမရကြိုက်တယ်

မနက်စောစောထလည်းပုံစံဟာမအေးဘူး

ပုံစံဟာအုပ်စုလိုက်လှုပ်ရှားတယ်(ဒါမှရေမန်းနဲ့အပက်မခံရမှာ)

ပုံစံ မှာ ပုံစံ မရှိဘူး ပုံစံ ဟာ ပုံစံ အစုံလုပ်တတ်တယ်

ပုံစံ ဟာသေရမှာကြောက်လို့ မကြောက်တဲ့ ပုံစံဖမ်းထားတယ်

သဘက်ခါအထိစောင့်လိုက်ပြီးပုံစံဟာဘာမှမဖြစ်သလို

ရယ်ရယ်မောမောထမင်းလိုက်ကျွေးတော့ပုံမှန်ပဲ။


                                                                            
                                                                                   *တယ်ရီ

                                                                                               4.1.2012

                                                                                                             0230am



ဒီကိုသူရောက်မလာခင်တုန်းကဆိုပဲအရှေ့ပိုင်းမှာရေတွေပြတ်ကုန်တာနေလုံးဝမပူဘူး

ဘယ်လိုလုပ်မှာလဲပဲပြောသူတို့ ကဒီဈေးနဲ့ ဆိုမဖြစ်ဘူးပြောနေတာ

မနေ့အထိအဲ့နားမှာယောင်လည်လည်လုပ်နေတယ်လို့ ပြောတာပဲ

သူအဖေပုဆိုးပေါ်ရေနွေးတွေဖိတ်ကျတဲ့ကိစ္စအဲ့ဒါသူကမြို့ထဲ

မှာဗိုက်ဆာလို့ ကြေးအိုးဝင်ဝယ်တုန်းနောက်ကကားကို

ဟွန်းတတီတီတီးရမလားဆိုပြီးရိုက်လိုက်တာမြန်မလားလို့

မီးပျက်နေလို့ နေ့ခင်းမှလာရွေးပါတဲ့ပြောတုန်းခဏပါပြီးတော့လည်း

ဖုန်းကောက်ကိုင်ပြီးဘယ်သူမှမရှိဘူးပြောချင်ပြောနေတာ

လွယ်တာမဟုတ်ဘူးတိုက်ပွဲတုန်းကအတူတူလွပ်လပ်ရေးရမှခွဲခြားခွဲခြား

မလုပ်နဲ့တဲ့သူကမမူးသေးရင်အဲ့အတိုင်းပဲကြုံတုန်းဟာသပြောပြရဦးမယ်

မနေ့ တုန်းကမြို့လယ်ခေါင်မှာအိပ်နေတုန်းလာနှိုးလို့ ဖြစ်မယ်

မနက်စာမစားဘူးထထွက်သွားပါလေရောအဲ့ဒါကိုပြောကြတာထင်တယ်

ကျားကြောက်လို့ ရှင်ကြီးကိုးရှင်ကြီးကျားထက်ဘာဆိုလား

တခွန်းမခံဘူးရလိုရငြားကားနဲ့ကြိုးရှည်ရှည်လှန်ထားတဲ့ခါးဆိုပြီး

ဝယ်တော့ဝယ်လာတယ်ဒါပေမယ့်ကြိုက်မကြိုက်တော့

ကိုယ့်ဘာသာကိုယ်ဝတ်ကြည့်လိုက်ဒါတောင်မနည်းပြောလာရတာ

အိမ်ကမသွားရဘူးဘာညာလုပ်နေလို့ ဖွင့်ကြည့်လိုက်တော့

နှစ်ရွက်သုံးရွက်တွေ့တာနဲ့အသာကောက်ထည့်ပြီးတော့

အိမ်ကကောင်ဝင်ကြိုကျူရှင်ဆရာမကလည်းချောသားဟ

နောက်ဆိုလာလည်ပါတဲ့ဂျိုလီကအဲ့ထဲမှာစပိုင်နေရာကကွာ

သူကိုလွှတ်လိုက်တာကအစကအကြွေးတောင်းဖို့ အဲ့ဒါကို

လမ်းမှာဖဲဝင်ရိုက်ပစ်လိုက်တာလေအဲ့လိုကောင်မျိုးမပေါင်းနိုင်တော့ဘူး

ဆိုပြီးဆင်းသွားပြီးသိပ်မကြာပါဘူးလမ်းထိပ်ကလက်ဖက်ရည်ဆိုင်က

ကောင်လေးကိုပါဆယ်လှမ်းမှာလိုက်တာဒီနေ့ထိညနေဘက်နည်းနည်း

မှောင်ပြီဆိုတွေ့တဲ့လူတချို့ဖျတ်ခနဲဖျတ်ခနဲတွေ့တွေ့နေတယ်ပြောတယ်။







                                                                                        *တယ်ရီ

                                                                                                          10.1.2012

                                                                                                                                1120pm

"ဖိနပ်ပေါ်မှာပဲ မိုးတွေ"


မရောက်နိုင်တဲ့ အဆုံး ကို ပြန်ကြတယ် ဖိနပ်ပေါ်မှာပဲ မိုးတွေ
နှပ်တွေ ၊ မျက်ရည်တွေ ၊ ချွေးတွေ
ပျက်နေတဲ့ ပါးကွက်လေး

နင်နဲ့တော့ တော်တော်ဆင်တယ်။
အပေါ်က တစ်ယောက်ပြောတဲ့စကားကို နားမထောင်နဲ့

သူက ရူးနေတာ
အဲဒါတွေကို ခဏခဏ မြင်တယ်
ကျွန်တော်ကတော့ လူမိုက်မလေးကို ချစ်နေတုန်း
ကိုနေမြဲကတော့ တိုကျိုကို လွမ်းနေရော့မယ်
ဖိနပ်ပေါ်မှာပဲ မိုးတွေ

သိမှု အပုပ်အပွတွေ ကြိုးအနေတဲ့ လိုင်းတွေ
ဖိန့် ဖိန့် ဖိန့် ဖိန့် ဖိန့် ဖိန့် မနားတမ်း တအား
တွေ လုပ်လုပ်လုပ်လုပ်
I can't tell u what is really is

ငါက နားထောင်နေတုန်း Eminem က ငါ့ကိုဆဲသွားတယ်
အလကားရတဲ့ နွားကို သွားဖြဲနေတုန်း


(စားသုံးဆီတွေနဲ့ ကြော်ချက်ထားတဲ့)

ကဗျာ ထိပ်သီးတွေ မှ တစ်ပုဒ် ခုနှစ်ထောင်

(သတ်မှတ်ချက်နဲ့ အညီ ဈေးနှုန်းကို ကောက်ခံလေ့ရှိ)

ရုပ်ရှင် ကြည့် ပြီးတော့ တေးကဗျာ
ဖတ်/fuck

ရှစ်နာရီ သတင်းက ကြေညာအပြီးလောက်မှာပဲ
ထောက်ခံစာတစ်စောင်နှင့်
မြေနီကုန်းမှ ပြည်သူ့ရင်ပြင်
ကိုရောင်းချ(နီးနီးလေး) ခံလိုက်ရတယ်
လှည်းတန်းမှ အင်းယားကန်ဘောင်မှာ
အထူး ပိတ်ဆို့ခံ စက်ရုံသမလေးတွေ

လွတ်လပ်တဲ့ လူသားထုတ်ကုန်အဖြစ်
ကလုန်း ကလုန်း ကလုန်း ကလုန်း

အားလုံးဟာ သာတူညီမျှဆိုရင်
တက်ကြွနေတဲ့ စိတ်ဓါတ်တွေနဲ့အတူ လှော်ခတ်ကြမှာပေါ့
မနိုင်ရင် အိပ်ရာပေါ်မှာ မနားတမ်းပြေးတဲ့ ခွေးမလေးကို
မြေနီကုန်းကနေ ပြည်သူ့ရင်ပြင်
ပို့
လိင်စိတ်က လွဲပြီး ဘယ်စိတ်ကိုများ တည်တည်တံ့တံ့ ထားနိုင်ကြသလဲ(မေး)
ဒါကတော့
ကိုယ့်အတွေးနဲ့ကိုယ် ဖျော်သောက်တာပါတဲ့
Super.

တက်ကြွ လှုပ်ကြွ သူတွေကို
ဦးကျောက်လုံးကတော့ ပြောရှာတယ်
မရပ်ဇ်ဆိုတာ ဘက္ကဒက်မှာ တွေ့ခဲ့တဲ့ သူငယ်တဲ့
ခမီခဇဲ ဆိုတာ ရေးလည်းအမှန် ဖတ်လည်း အသံလားဗျာ
ကောင်းလိုက်တာ ဆရာရယ် သမိုင်းကို ရုပ်ရှင်ကြည့်ရသလိုပဲ ဆိုတာ
ဘာကြီးများလဲဗျာ
ပုန်းရေကြီးထဲမှာရော တိုကျို ပါသလား
ဟင် ။


  • မောင်မြတ်သူ

"စီတန်း လှည့်လည်ခွင့်"

  • စီတန်း လှည့်လည်ခွင့်


မဆိုင် တဲ့ ဂလိုင်ကို
ရွေးရွေးခေါက်နေတယ်
ကိုယ်ဟာ
ဆယ်တန်း ကျောင်းသား
လက်ထဲမှာ ဥပဒေ စာအုပ်နဲ့ အတန်းသားအခွင့်အရေးကို
ကိုယ်သိတယ်
ဆရာမတွေရဲ့ ကျင့်ဝတ်ချိုးဖေါက်မှုလား
ကိုယ် စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့
ဆန္ဒ
ထုတ်ဖေါ်မယ်
ကျေက်မီးသွေး တွေ
ကျောင်းလခတွေ
သန့်ရှင်းရေးကြေးတွေ
အိမ်သာဆေးရမှုတွေ
ကြက်ဆူပင်တွေ ကြားမှာ
တစ်ကိုယ်တော် ဆန္ဒ
ထုတ်ဖေါ်မယ်
ကိုယ်ဟာ ဒဿမတန်း ကျောင်းသား တစ်ယောက်ပဲ
နိုင်ငံတော်တွင်း ထင်လင်း ရှိရမည်
င့ါရဲ့ ရေပေါ်ဆီတွေ က ကာတွန်းထဲမှာ။


မောင်မြတ်သူ

"ပြည့်တန်ဆာတွေကို တရားဝင် အသိအမှတ်ပြုဖို့"


"ပြည့်တန်ဆာတွေကို တရားဝင် အသိအမှတ်ပြုဖို့"

ပြည့်တန်ဆာတွေ တရားဝင်ရပ်တည်ခွင့် ရဖို့ လွှတ်တော်အမတ် ဒေါ်စန္ဒာမင်းက လွှတ်တော်မှာ တရားဝင် တင်သွင်းမယ် ဆိုတဲ့ သတင်းကို
ကြားလိုက်ရတော့ ကျွန်တော် တော်တော် ၀မ်းသာသွားပါတယ်။ ဘေးဖယ်ထုတ် ခံ ဖြစ်နေတဲ့ ဒီ အမျိုးသမီးတွေ အတွက် အဆို တင်သွင်း
ပေးမယ်ဆိုတာမျိုးက ကျနော့်တို့ အဖို့ လုံးဝ မမျှော်လင့်ထားတဲ့ ကိစ္စ တစ်ခု အကောင်အထည် ပေါ်လာသလို ခံစားရပါတယ် ။ အဲဒီအချိန် အများသုံး
ဆိုရှယ်ဆိုဒ် တစ်ခု ဖြစ်တဲ့ facebook ကိုလည်း ကြည့်လိုက်ရော ကျနော် အရမ်းကြီး မထင်မှတ်ထားတဲ့ ရှု့ထောင့် ပေါင်းစုံကနေ ဒီ ပြည့်တန်ဆာ
အမျိုးသမီးတွေရဲ့  တရားဝင် ရပ်တည်ခွင့်ကို ဆန့်ကျင်ဖို့ lobby လုပ်နေတဲ့ စာတွေ ကွန်းမန့်တွေကို အများကြီး မြင်ခဲ့ရတယ်။တချို့စာတွေက ကျနော် လေးစားရတဲ့ နိုင်ငံရေးသမားတွေ ကရေးတာ ဖြစ်ပြီး တချို့တွေကတော့ မဟာဖိုဝါဒ လို့ ပြောရမလား ကွန်ဆာဗေးတစ် ပဲ ပြောရမလား
ဆဲလိုက်ရမှ နေသာထိုင်သာ ရှိတဲ့ ပုဂ္ဂိုလ်တွေပဲ ပြောရမလား သူတို့တွေကလည်း တစ်တပ်တစ်အား ရေးကြတာကို မြင်ရပါတယ်။ အများစုကတော့
ဗိုလ်ချုပ်အောင်ဆန်း ပြောဖူးတဲ့ စကားကို တလွဲလေး ကိုးကားရေးကြတာပါပဲ ဗိုလ်ချုပ်အောင်ဆန်း ပြောသွားတာက သူများ ကြိုးစားသလို မကြိုးစားရင်
ဟိုနိုင်ငံလာလည်း မျက်နှာချိုသွေးရ ဒီနိုင်ငံလာလည်း မျက်နှာချိုသွေးရတဲ့ ဖာသည်လို နိုင်ငံမျိုးကြီး ဖြစ်သွားမယ် ဆိုတဲ့ သဘောကို ပြောတာပါ ။ ဒါကို facebook user တော်တော်များများက ဗိုလ်ချုပ်ပြောတဲ့ ဖာနိုင်ငံကြီး ဖြစ်သွားမယ် ဒီလို မိန်းကလေးတွေကို တရားဝင် ရပ်တည်ခွင့် မပေးသင့်ဘူး ဘာညာစသည်ဖြင့်တွေ အပြင်။ ဒေါ်စန္ဒာမင်းကိုပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့ စကားလုံးတွေနဲ့ အများကြီးကိုပဲ ဖွယ်ဖွယ်ရာရာ မှတ်ချက်(comment)လေးတွေ ပေးနေတာကို ၀မ်းနည်းဖွယ်ရာ မြင်တွေ့နေရပါတယ် ။

ကိုမိုးသီးဇွန် ရဲ့ facebook မှာ သူက ပြည့်တန်ဆာဆိုတာ လိင်ပိုင်းဆိုင်ရာ ကျွန်ပြုခံရသူတွေ ဖြစ်တယ်လို့ ethic ပိုင်းအရ မြင်တယ်ဆိုတဲ့  မှတ်ချက်ကို
တင်ထားပါတယ် ။အဲဒီအမြင်ကို ကျွန်တော် လက်ခံပါတယ် ဒါပေမယ့် နောက်ဆုံးမှာ အပိတ်ပြောသွားတဲ့ ပြည်တန်ဆာလုပ်ငန်းကို တရား ၀င်ပြုလုပ်မယ်ဆိုတဲ့
မစန္ဒာမင်း အနေနဲ့ ဒီအဆိုကို လွတ်တော်မှာ မတင်စေချင်ဘူး။လူသားအချင်းအချင်း ကျွန်ပြုတဲ့လုပ်ငန်းကို လူအခွင့်အရေးတိုက်ပွဲဝင်သူတဦးက
တင်သွင်းမယ်ဆိုတာကို အလွန် တုန်လှုပ်မိပါတယ် ဆိုတဲ့ မှတ်ချက်ကိုတော့ လွတ်လပ်စွာ သဘောထား ကွဲလွဲပါတယ် ။ လက်ရှိ မြန်မာပြည်မှာ ကျွန်ပြုခံနေရတဲ့
အဲဒီ အမျိုးသမီးတွေဟာ လူသားတစ်ယောက်ပါ ဆိုတဲ့ အမြင်နဲ့ ကြည့်ရှုခံရခြင်း ကင်းဝေးနေပါတယ် ။ အမေရိကန် မှာ ပြည့်တန်ဆာ လုပ်ငန်းကို ပပျောက်အောင် လုပ်ကိုင်နေတာကို ကျွန်တော် လက်ခံပါတယ် ။ဒါပေမယ့် အမေရိကန်လို နိုင်ငံမှာက ပြည့်တန်ဆာတွေဟာ လူသားတွေလို့ကို အသိအမှတ်ပြုကြပါတယ်။ ပြည့်တန်ဆာတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု စင်တာတွေရှိနေတယ် ။ သူတို့တွေက ပြည့်တန်ဆာ အလုပ်
မလုပ်ချင်တော့ရင် သူတို့ကို ပြန်လည်ပြုပြင်ပေးတဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အကူအညီပေးနေတဲ့ နေရာတွေ အများကြီးရှိတယ် ။ မြန်မာနိုင်ငံမှာတော့ ပြည့်တန်ဆာအမျိုးသမီးတွေဟာ ယုတ်စွအဆုံး ထောင်နဲ့အေ့စ် ရောဂါသည်တွေကို စုပြုံထားတဲ့ နေရာတွေပဲ ရှိသလို လူလို့လည်း
အသိအမှတ်အပြု မခံကြရဘူး ။ကျန်းမာရေးစောင့်ရှောက်ပေးမှု မရှိသလို သူတို့တွေအတွက် ပြန်လည်ပျိုးထောင်ရေးစခန်းတွေ သူတို့ကို အလုပ်အကိုင်
ပေးမယ့် နေရာတွေ စသည်ဖြင့် မရှိသေးဘူး။ဘာလို့ မရှိသေးတာလဲ ??? ဖြေပါ့မယ် ဒီနိုင်ငံရဲ့ ဖိုဝါဒအားကောင်းမှုရယ် ရှေးရိုးစွဲ အမြင်တွေရယ်က
ဒီမိန်းကလေး တွေဟာ လူသားတွေပါလား ဆိုတဲ့ အရှိတရားကို ဖုံးလွှမ်းနေတဲ့ အတွက်ပါ ။ ပြည့်တန်ဆာ ဆိုတာ မရှိလေ ကောင်းလေပါပဲ ဒါပေမယ့်
ရှိနေတယ် ဘာကြောင့်ရှိလဲ လူသားတွေရဲ့ ရမ္မက်တွေ အလိုဆန္ဒတွေ ကြောင့်ရှိနေရတယ်။ သူတို့တွေ ဘာလို့ ပြည့်တန်ဆာ ဖြစ်နေရလဲ စီးပွားရေး၊အသိပညာမဖွံဖြိုးမှု၊ဖိနှိပ်ခံရမှု၊ခြိမ်းခြောက်ခံရမှုနဲ့ လူကုန်ကူး ခံရမှု တွေမှာ အများဆုံးဖြစ်နေကြပါတယ် ။

ပြည့်တန်ဆာတွေ လက်ရှိ မြန်မာနိုင်ငံမှာ ဘယ်လိုမျိုး ရပ်တည်နေကြလဲ???

မြန်မာနိုင်ငံမှာ ပြည့်တန်ဆာအဖြစ် အလုပ်လုပ်ကိုင်နေကြတဲ့ အမျိုးသမီးအရေအတွက်ဟာ သိန်းဂဏန်း အထက်မှာ ရှိပါတယ်။ အသက်အရွယ်
ကတော့ အငယ်ဆုံး ဆယ့်သုံးနှစ်လောက်နေပြီး ငါးဆယ် ပတ်လည် အထိ ရှိနေကြပါတယ်။ သူုတို့ အားလုံးဟာ မြန်မာနိုင်ငံရဲ့ ၁၉၄၉ခုနှစ်
ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေ ရဲ့ ပုဒ်မ၃ ကြောင့် တရားဝင် ရပ်တည်ခွင့်ကို မရကြပါ ။ သူတို့ အားလုံးဟာ ဇိမ်ခန်းပိုင်ရှင်တွေ ခေါင်းတွေရဲ့
အောက်မှာနေပြီး အုပ်ချုပ်ရေးပိုင်းတွေ ပြည်ထဲရေးလက်အောက်ခံ (ရဲ၊စရဖ၊SB၊စသုံးလုံး) စသူတွေကို ဆက်ကြေးပေးပြီး နေထိုင်နေကြရပါတယ် ။
တရားဝင် မဟုတ်ပေမယ့် ဆက်ကြေးရဲ့ ကာကွယ်မှုနဲ့လာဘ်စားမှုအောက်မှာ အိနြေ္ဒရရနဲ့ ရှိနေတယ်ဆိုတာကို ဘယ်သူမှ မငြင်းပယ်နိုင်ပါဘူး ။
ကျွန်တော်က ဧရာဝတီတိုင်း အတွင်းက နယ်မြို့လေး တစ်မြို့ကပါ ။ ကျွန်တော်တို့ မြို့ရဲ့ မြို့ပါတ်လမ်းမှာ ဆိုရင် ကေတီဗီ၊ဧည့်ရိပ်သာ၊ဗြူးတီးဆလွန်း
အစရှိတဲ့ ဆိုင်းဘုတ်တွေနဲ့ ဇိမ်ခန်းပေါင်း ဆယ့်တစ်ခု လောက်ဟာ ပုံမှန် ရှိနေပါတယ် ။ ဇိမ်ခန်းတွေရဲ့ ရှေ့တည့်တည့်မှာ ဆိုရင် မြို့ရဲ့
တစ်ခုတည်းသော ဂေါက်ဖ် ကွင်းရှိနေပါတယ် ။ အဲဒီ ဂေါက်ဖ် ကွင်းမှာ မြို့ရဲ့ စစ်တပ်က အရာရှိတွေ ၊ အုပ်ချုပ်ရေးမှူးတွေ ၊ မြို့ရဲ့
မျက်နှာဖုံး ပုဂ္ဂိုလ်တွေ နေ့တိုင်း ဂေါက်ဖ့် ကစားကြပါတယ်။ သူတို့ ရှေ့တည့်တည့်က ဇိမ်ခန်းတွေကို သူတို့ မသိဘူး မရှိပါဘူး ဒါပေမယ့်
အပိုဝင်ငွေ ဖြစ်နေတဲ့ အဲဒီ အခန်းတွေကို လုံးဝကို မမြင်ချင်ယောင် ဆောင်ပေးကြပါတယ် ။ ဒီတော့ တရားဝင် မလုပ်ပေးဖူးဆိုရင်လည်း
ဇိမ်ခန်းတိုင်းဟာ သူတို့ကို ဆက်ကြေးအဖြစ် တစ်လကို ငွေဆယ်သိန်း ကျော် လာဘ်ပေးနေကြတာပါပဲ ။ ရဲတွေစရဖတွေSBတွေ ဆိုရင်
ဆက်ကြေးအပြင် မိန်းကလေးတွေနဲ့ သွားပီး ငွေကြေး တစုံတရာ မပေးဘဲနဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာတွေ ။ ညှဉ်းပန်းနှိပ်စက်တာတွေ
အမြဲတမ်းလို ဖြစ်လျက်ရှိပါတယ်။ ဇိမ်ခန်းတွေက လဘ်ငွေပေးရတာ များတဲ့အတွက် မိန်းကလေးတွေကို ပေးရမယ့် လုပ်ခကို စရိတ်ငြိမ်း(တစ်နေ့ကိုထမင်းနှစ်နပ်ကို လျော့ပြီးပေးပါတယ်) လစာအဖြစ် တစ်လကို တစ်သောင်း ၊တစ်သောင်းခွဲ စသည်ဖြင့်ပေးပြီး ၊
ဆက်ရှင်ကြေးအဖြစ် တစ်နာရီကို ငါးရာ ကျပ်ပေးပါတယ် ။ အဖမ်းအဆီးခံရလို့ ရဲဆီက ပြန်ရွေးရရင် ရွေးရတဲ့ ငွေအတိုင်းကို မိန်းကလေး
တွေဆီက ပြန်ဖြတ်ပါတယ် ။ ဇိမ်ခန်းပိုင်ရှင်တွေကတော့ လူတစ်ယောက်က လာရောက်ပျော်ပါးပြီ ဆိုလျင် တစ်နာရီကို သုံးထောင့်ငါးရာကနေ
ငါးထောင်ကြား ရပြီးတော့ ပြန်ပေးရတဲ့ ငွေက တစ်နာရီ ငါးရာဆိုတဲ့ အတွက် သူတို့ ပေးရတဲ့ ဈေးကြီးလှတဲ့ဆက်ကြေးဒဏ်ကို ခံနိုင်နေတာပဲ ဖြစ်ပါတယ် ။
အမျိုးသမီးတွေကို ဇိမ်ခန်းပိုင်ရှင်တွေက ကျန်းမာရေးစစ်ဆေးပေးမှု တွေကို လုံးဝ လုပ်မပေးတဲ့ အပြင် ကွန်ဒုံးကဲ့သို့သော အခြေခံ စောင့်ရှောက်မှု
တွေက အစ အမျိုးသမီးတွေကပဲ သူတို့ ငွေနဲ့ ဖြည့်တင်းပေးနေရပါတယ် ။လာရောက်တဲ့ customer တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ
စော်ကားမှုတွေကိုလည်း ဇိမ်ခန်းပိုင်ရှင်တွေက မသိကျိုးကြွံပြုပီး နေပါတယ်။ အများစုဟာ အိမ်ကို ပြန်လည် ထောက်ပံ့ရဖို့ အတွက်တောင်
အလျင်မှီအောင် အများကြီး ရုန်းကန်နေကြရပါတယ်။ ဒါကတော့ ဇိမ်ခန်းတွေမှာ လုပ်ကိုင်နေတဲ့ ပြည့်တန်ဆာတွေရဲ့ အခြေအနေတွေပါ ။
နောက်ထပ်ပြီးတော့ ကလပ်တွေ ဖုန်းနဲ့ဖြစ်စေ လူကိုယ်တိုင်အပြင်မှာထွက်ပြီးဖေါက်သယ်ခေါ်တာမျိုးဖြစ်စေ အင်တာနက်မှတဆင့်ဖြစ်စေ
လုပ်ကိုင်နေကြတဲ့ အမျိုးသမီးတွေ လည်း အများအပြားရှိပါတယ် ။သူတို့အားလုံးဟာလည်း တရားဥပဒေစိုးမိုးမှု အောက်မှာ ရောက်မနေပါဘူး
သက်ဆိုင်ရာ နယ်ထိန်းတွေကို ဆက်ကြေးပေးပြီး ရှင်သန်နေကြတာ များပါတယ် ။ မိသွားခဲ့ရင်လည်း ထောင်ကျပြီးရင် ပြန်လည်ပြုပြင်ရေးစခန်းတွေမရှိ
၊အလုပ်အကိုင်က ရှားပါး ၊ပါတ်ဝန်းကျင်ကလည်း ရွံစရာ သတ္တ၀ါတွေလိုမျိုးခွဲခြားပြီး ဆက်ဆံ ဒါမျိုးတွေနဲ့ ပဲ နှစ်ပါးသွားရပြီး နောက်ပိုင်း ပြည့်တန်ဆာ အလုပ်ကိုပဲ ပြန်လုပ်ရတာတွေ အများကြိးပါ။

ဘာကြောင့် ပြည့်တန်ဆာ ဖြစ်ကြရလဲ???

အဓိကကတော့ အလုပ်အကိုင်ရှားပါးမှု နှင့် အသိပညာချို့တဲ့ခြင်းတွေကြောင့်ပါ ။ မြန်မာနိုင်ငံမှာ ဆန်ရှင်နောက်ပိုင်း အထည်ချုပ် စက်ရုံတွေ ပိတ်လိုက်ရတဲ့ နောက်မှာ ပြည့်တန်ဆာလုပ်ငန်းကို လုပ်ကိုင်သူ အမျိုးသမီးတွေ ပိုပေါလာတာကို မြင်ရပါတယ်။ အလုပ်အကိုင်ရှားပါးမှု ရဲ့
ဒဏ်ကို ခံနေရတဲ့ ဘွဲ့ရပညာတတ် အမျိုးသမီး အနည်းငယ်တောင်မှ ရရာအလုပ်ဖြစ်တဲ့ ဒီလုပ်ငန်းကို လုပ်ကိုင်လာရပါတယ်။ မိသားစု
စားဝတ်နေရေးက၀န်ပိလာမှုတွေ လုပ်ခလစာ အဆမတန်နည်းပါးမှုတွေ ရဲ့ ဖိနှိပ်မှုတွေ အောက်မှာ အလွယ်ကူဆုံးနဲ့ ငွေရမယ်လို့ ထင်ရတဲ့
ဒီလုပ်ငန်းကို လုပ်ကိုင်လာရတာပဲ ဖြစ်ပါတယ်။ ပြည့်တန်ဆာ အလုပ်ကို ရွေးချယ်ခဲ့ကြရတဲ့ မိန်းကလေး အများစုဟာ သူတို့ရဲ့ လတ်တလော
အပူကို ဖြေရှင်းယုံ သက်သက် ရည်ရွယ်ခဲ့ကြပေမယ့် ဒီလုပ်ငန်းဟာ လုပ်ကိုင်တဲ့ လူအများစုကို သေမထူးနေမထူး ဖြစ်သွားစေတဲ့ အထိ
ဖိအားတွေ ရလာချိန် လူ့အဖွဲ့အစည်းရဲ့ စွန့်ပစ်မှုကို ခံလာရချိန်တွေမှာ ဆက်လက် လုပ်ကိုင်ကြရတဲ့ အခြေအနေတစ်ခုပါပဲ ။ ယဉ်ကျေးသော
လူ့အဖွဲ့အစည်းတွေက ပြည့်တန်ဆာ လုပ်ငန်းကို လူသားချင်း ကျွန်ပြုခြင်းလို့ မြင်နေကြပေမယ့် ။ မြန်မာနိုင်ငံမှာတော့ စက်ဆုပ်စရာ အလုပ်တစ်ခု
လို့ မြင်နေကြပါတယ် ဒါကလည်း ဖိုဝါဒကြီးစိုးတဲ့ ရှေးရိုးစွဲနိုင်ငံ တစ်ခု ဖြစ်နေလို့ အများကြီးတော့ ရှင်းပြနေစရာ မလိုတော့ပါဘူး ။ကျေးရွာ
တော်တော်များများမှာ ဆိုရင် သမီးမိန်းကလေး မွေးတဲ့ မိဘတွေက သမီးမိန်းကလေးတွေကို ပြည့်တန်ဆာလုပ်ငန်းတွေ ကို တစ်ဖက်လှည့် လုပ်ကိုင်နေကြတဲ့ ကေတီဗီတွေမာဆတ်တွေမှာ အိမ်အကူအဖြစ်ခေါ်တယ်ဆိုပီး မိခင်ဖခင်တွေကိုယ်တိုင် သွားရောက်ပို့ဆောင်နေကြတုန်းပါပဲ ။
ပြီးတော့မှ သမီးက ပြည့်တန်ဆာဖြစ်မှ သိရတော့လည်း မထူးဇာတ်ခင်းပြီး ဆက်နေနေကြပါတယ် ။ ဒါကလည်း အသိပညာ ချို့ယွင်းမှု တစ်ခုပါ ။
မြန်မာပြည်မှာ တွေးခေါ်နိုင်စွမ်း အားနည်းမှုကနေ လူကုန်ကူးခံရတာတွေ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာတွေဟာ နေ့စဉ်တိုင်းလိုလို ဖြစ်ပွားနေပါတယ် ။
ပြည့်တန်ဆာလုပ်ငန်းကို မရှိစေချင်ရင် ဖမ်းဆီးရုံသက်သက်က အဆင်မပြေတော့ပါဘူး ။ ဖမ်းဆီးပြီး နောက်ပိုင်းမှာလည်း ပြန်လည်ထူထောင်ရေးတွေ
အလုပ်အကိုင်တွေ မဖန်တီးနိုင်သ၍ ကျွန်တော်တို့ဟာ အမယ်ဘုတ်ရဲ့ သူ့ချည်ခင် ဆိုသလို ဘယ်တော့မှ အစဆွဲထုတ်နိုင်မှာ မဟုတ်တော့ပါဘူး။

ပြည့်တန်ဆာတွေကို လက်ရှိအတိုင်းပဲ တရားမ၀င်ထားရင် ??

ပြည့်တန်ဆာ ဆိုတာ မရှိဘူးလို့ ငြင်းပယ်နေတဲ့ အချိန်မှာလည်း သူတို့က တည်ရှိနေကြတယ် ။ဆက်လက်ပြီး ငြင်းပယ်နေရင်လည်း တည်ရှိနေအုံးမယ့်
သဘောမှာ ရှိပါတယ် ။ လူတို့ရဲ့ ရမ္မက်တွေနဲ့ အညီ ကြီးမားလှတဲ့ အလိုဆန္ဒတွေကြောင့် ပြည့်တန်ဆာ ဆိုတဲ့ အသက်မွေးဝမ်းကျောင်းက ပေါ်ပေါက်
လာရတာပဲ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ကို ပပျောက်ခဲ့ခြင်း မရှိသေးပါဘူး။ လက်ရှိမှာ အသိအမှတ်မပြုလည်း ဥပဒေမဲ့ လာဘ်ပေးမှုတွေနဲ့
အကျင့်ပျက်ချစားမှုတွေနဲ့ အတူ တည်ရှိနေအုံးမှာပါ။ကျန်းမာရေးစောင့်ရှောက်မှု တွေ မရှိတဲ့ အတွက် ကူးစက်ရောဂါ ပြန့်ပွားနှုန်း(HIV/AIDS နှင့်
အသည်းရောင်အသားဝါ Bပိုး Cပိုး စသည်) တို့ကို ထိန်းချုပ်နိုင်မှာ လည်းမဟုတ်ပါဘူး ။ သူတို့ရဲ့ တရားဝင် ဖြစ်တည်မှုကို အသိအမှတ်မပြုတဲ့အတွက်
ဥပဒေချိုးဖေါက်မှုတွေ လာဘ်စားမှုတွေကိုလည်း တားဆီးနိုင်မှာ မဟုတ်သလို လက်ရှိမှာ အားလုံး ဖေါ်ဆောင်နေတဲ့ clean government ဆိုတာ
ဟာလည်း ပွင့်လင်းမြင်သာမှု မရှိခြင်းနဲ့ အတူ ပျောက်ဆုံးသွားမှာပါပဲ။ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဖိနှိပ်ခြင်းတွေနဲ့ အတူ လူသားချင်းစာနာမှုကို
မပြသနိုင်တဲ့ နိုင်ငံ အဖြစ်ကို လည်း ရောက်ရှိနေမှာ ဖြစ်တယ်လို့ မြင်မိပါတယ်။

ပြည့်တန်ဆာတွေ တရားဝင်ဖြစ်လာခဲ့ရင် ????

(1) ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပေးရင်းကနေ ကူးစက်ရောဂါတွေ ပြန့်ပွားနှုန်းကို ထိန်းချုပ်လာနိုင်မယ်

(2) တရားဝင်ရပ်တည်မှု ဖြစ်လာတဲ့အတွက် လာဘ်ပေးမှုတွေ လျော့ကျသွားမယ် ဥပဒေမဲ့ စီးပွားရှာခြင်းတွေ လျော့ကြလာမယ်
     ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းတွေ ညှဉ်းပန်းနှိပ်စက်မှုတွေကနေ ပြည့်တန်ဆာအဖြစ်လုပ်ကိုင်နေရတဲ့ အမျိုးသမီးတွေ
     လွတ်မြောက်လာမယ် နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့်အဖြစ် ဥပေဒေရဲ့ စောင့်ရှောက်မှု အောက်မှာ နေထိုင်ရမယ်

(3) တရားမ၀င်ငွေကြေးတွေ ကနေ တရားဝင်တဲ့ နိုင်ငံတော်ရဲ့ အခွန်ဘဏ္ဍာဖြစ်လာမယ် နိုင်ငံရဲ့ ၀င်ငွေခွန်တိုးလာမယ်

(4) ဥပဒေအရ တရားဝင်သာ ခွင့်ပြုလိုက်ရင် သူတို့တွေအနေနဲ့ ပြည့်တန်ဆာ အလုပ်ကို မလုပ်ကိုင်တော့ရင်လည်း တခြားဘက်မှာ အလုပ်အကိုင်
     အခွင့်အရေးတွေ ဖန်တီးပေးနိုင်တဲ့ အခြေအနေတစ်ခုကို ရောက်လာမယ်

(5) လူတစ်ယောက် ချင်းစီရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို လေးစားတဲ့ လူသားတွေရဲ့ ပကတိတန်ဖိုးကို အလေးထားတဲ့ နိုင်ငံ တစ်နိုင်ငံ အဖြစ်
       ရပ်တည်လာနိုင်မယ်။

ပြည့်တန်ဆာတစ်ယောက်က အခြားသော အမျိုးသမီးတွေကို ပြည့်တန်ဆာဖြစ်ရန် ဆွယ်သည်ဆိုသော အချက်

တစ်ခါက လူတစ်ယောက်က ပို့စ်တစ်ခု အောက်မှာ ကွန်းမန့် မန့်ဖူးတာ ကို သတိရမိတယ် ။ ပြည့်တန်ဆာတွေကိုသာ တရားဝင်အဖြစ် ရပ်တည်ခွင့် ပေးလိုက်ရင် ပြည့်တန်ဆာတွေ ပေါ်လာမယ်ဆိုတဲ့ မှတ်ချက်လေးပါ ။ ပြည့်တန်ဆာ တစ်ယောက်အဖြစ် တွန်းပို့ ခံရတယ်
ဆိုတဲ့ အခြေအနေဟာ ပြည့်တန်ဆာတွေအဖြစ် တရားဝင် အသိအမှတ်ပြုထားတဲ့ နိုင်ငံတွေမှာ တော်တော်လေးကို နည်းပါတယ်။ လူ
တစ်ဦးချင်းစီရဲ့ တွေးခေါ်နိုင်စွမ်းနဲ့ ရွေးချယ်မှုတွေ ရှိပါတယ် ။ ပြည့်တန်ဆာ ဆိုတာကလည်း မိမိ ဘာလုပ်မယ်ဆိုတဲ့ အရာကို မိမိ ဘာသာ
ရွေးချယ်တာပါပဲ ။ ဥပမာ - မနီက ပြည့်တန်ဆာ တစ်ယောက်ဖြစ်တယ် သူမ သူငယ်ချင်း မဖြူကို ပြည့်တန်ဆာ ဖြစ်အောင် ဆွယ်တယ် ဆိုပါစို့
မဖြူက သာ သူမရဲ့ ရပ်တည်မှုကို ပြည့်တန်ဆာ အဖြစ် မရပ်တည်ဖူး ဆိုရင် မနီ အနေနဲ့ ဘာမှ လုပ်လို့ မရပါဘူး ။ ကျွန်တော်တို့ဟာ မိမိ လုပ်တဲ့
အလုပ်ကို တခြားသူတွေ လုပ်လာအောင် အတင်းအဓမ္မလုပ်ယူလို့ မရပါဘူး။

ပြည့်တန်ဆာတွေသာ တရားဝင်ရပ်တည်ခွင့်ရရင် ဘာတွေ ကြုံတွေ့နိုင်မှာလဲ

ဟိုတလောက ဆရာဝန်တစ်ယောက်က သရော်စာ ဆန်ဆန်လေး ပို့စ်တစ်ခု တင်တာကို မြင်ရပါတယ် ။ ပြည့်တန်ဆာတွေသာ တရားဝင် ရပ်တည်ခွင့်
ရဖို့ ဆိုရင် လုပ်ထုံးလုပ်နည်းတွေ ဆွဲရမယ် ရပ်ကွက်လူကြီးဆီက ထောက်ခံစာ.. စသည်ဖြင့် ရေးထားတာ မြင်ရပါတယ် ။ နိုင်ငံတကာမှာတော့ ပြည့်တန်ဆာ
လုပ်ငန်း လုပ်ကိုင်ခွင့်ဆိုတာကို (ခေါင်း)ပြောရမလား တွေကို ချထားပေးပါတယ် ။ သူတို့က သူတို့ လက်အောက်မှာ ဘယ်နှစ်ယောက် အလုပ်လုပ်တယ်
ဆိုတာကိုစာရင်းတင်ပေးရပါတယ် ။ မှားယွင်းလာရင် ခေါင်းမှာ တာဝန်ရှိပါတယ် ။ သူက ဥပဒေ အရ အရေးယူခြင်းကို ခံရပါတယ် ။ လိုင်စင်မဲ့ လုပ်နေတဲ့
ပြည့်တန်ဆာတွေလည်း  ပပျောက်မသွားရင်တောင် လျော့နည်းသွားနိုင်ပါတယ် ။ ဥပမာ ၀က်သက်ခွင့်လိုင်စင်လိုပါပဲ လိုင်စင်မရှိပဲ ခိုးပေါ်ရင် လိုင်စင်ရှိတဲ့လူက
ခိုးပေါ်တဲ့ လူကို တိုင်သလိုပါပဲပြည့်တန်ဆာ အဖြစ် လိုင်စင်မရှိပဲ လုပ်ကိုင်နေသူတွေကိုလည်း လိုင်စင်နဲ့ လုပ်ကိုင်နေတဲ့ သူတွေက ကန့်သတ်လာမှာပါ တရားစွဲလာမှာပါ။

နိဂုံးချုပ်

ပြည့်တန်ဆာဆိုတာ လူတွေပါပဲ ။ သူတို့ဟာ ဖြစ်တည်မှု အရ ရွေးချယ်မှု တစ်ခုကို ရွေးချယ်ခဲ့သူတွေပါ ။ သူတပါးအပေါ် ခေါင်းပုံဖြတ်နေသူတွေ ၊ အာဏာရှင်တွေ၊
လူသတ်ကောင် မုဒိန်းကောင်အစရှိတဲ့ ရာဇ၀တ်သားတွေထက် ပိုပီးတော့ ဖြူစင်ပါတယ် သန့်ရှင်းပါတယ် ဖြစ်တည်မှု အပေါ်မှာ ရိုးသားသူတွေပါ။ နိုင်ငံသားတွေ
ဖြစ်တဲ့အတွက် နိုင်ငံသားအခွင့်အရေးနဲ့ အညီ ဥပဒေရဲ့ စောင့်ရှောက်မှုကို ခံရသင့်ပါတယ် ။ ပြစ်ပယ်ခံထားရတဲ့ လူသားတွေရဲ့ နာကျင်ခြင်းဟာ လူသားဖြစ်တဲ့
ကျွန်တော်တို့က သူတို့က ရွံစရာသတ္တ၀ါတွေလို ဆက်ဆံ ခံနေရခြင်းတွေက နေ ပေါ်ထွက်လာနေပါတယ် ။ နွံမှာနစ်နေတဲ့ အမျိုးသမီးတွေကို ဖေးမကူညီကြပါ။
ပြည့်တန်ဆာဆိုတဲ့ လုပ်ငန်းဟာ မရှိလေ ကောင်းလေ ဖြစ်ပါတယ် ။ လူတွေဟာ လိင်ပိုင်းဆိုင်ရာအရ ငှားရမ်းခြင်းခံရတာကလည်း မကောင်းတဲ့ အချက်တစ်ခုဆိုတာ
လက်ခံပါတယ် သို့ပေမယ့် လက်ရှိအချိန်မှာ တားဆီးမရမယ့် အတူတူ သူတို့ကို ဖေးမကူညီပေးခြင်းဟာ အားလုံးအတွက် အသင့်တော်ဆုံး မဟုတ်ဘူးလားခင်ဗျာ။


မောင်မြတ်သူ