Saturday, 2 February 2013
"ကောက်ကြောင်း"
မနက်ဖြန်ရဲ့ အာရုံဦးကိုဖွာရှိုက်မိတိုင်း
စကားလုံးကြမ်းကြမ်းတွေက ဘော့လ်ပင်နဲ့စာရွက်နဲ့
သေချာခဲ့ပါတယ်..
သုံမှုန်နေတဲ့ မြစ်တစ်စင်းဟာ နှုတ်ခမ်းတင်းတင်းစေ့လို့
ရပ်နေကြမှတ်တိုင်မှာ ဆင်းတယ် ။
ဟော...
သောက်လက်စဆေးပြင်းလိပ်က နှုတ်ခမ်းကခုန်ထွက်သွားပြီ
ကဗျာတစ်အုပ်စာအလွမ်းက ခြေချိတ်မထိုင်ပဲ ငွေ့အသက်အချို့ကို အစားမှားတယ်
အလွတ်ကြီးကျလာတဲ့ နံရံဟာ ကိုယ်ခေါင်းတိုက်မိလို့ရယ်သံပေးတယ် "ထင်ပါ့"
ကန်ချက်ပြင်းပြင်းနဲ့ထိုးကလော်လိုက်တဲ့ ကိုင်းဖျားမှာ
ကိုယ်ဟာအလေအလွင့်သိပ်များတဲ့ လေယူလေသိမ်းကိုမှ ငါးမျှားချင်တဲ့ကောင်
အားမနားပါးမနာနဲ့ "အားနာလိုက်တာတဲ့ "
ချိန်သားကိုက်မထားတဲ့ အလင်းဖျော့ကြိုးက
ဒေါင်လိုက် ထောက်ခနဲပျက်ကျသွားတယ်
အင်းစိန်လမ်းမကြီးကတော့ ထင်းနေအောင်လင်းနေတာပဲ။
မတော်တရော် အလေးချိန်ကိုထမ်းလို့ ရှုမိတဲ့လေပါ
မတော်မတရားပင်ပန်းသွားတယ်
ပြစ်တင်သွားတဲ့ ပုဒ်မဟာ မတူညီနိုင်တဲ့သဘော
အရမ်းကရောလွင့်လာတဲ့ ဓါးအကျိုးတစ်ချောင်း
တင်းနေရာကပြတ်ထွက်လာတဲ့ သံကြိုးတစ်စ
ရင်ဘတ်ထဲဆောင့်ကြောင့်ဝင်ပေါက်ကွဲတဲ့ မီးတောင်တစ်လုံး
သူလိုကိုယ်လို မဟုတ်တဲ့ စိတ္တဇဟာ နေလိုလလိုထွန်းလင်းတယ်။ ။
မင်းခိုင်မြဲ
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment