Monday, 25 February 2013
"သူ့အကြောင်းကိုကမ္ဘာတောင်ဘာမှမသိလိုက်ဘူး"
သူ့ငယ်ရွယ်စဉ်ဟာသတင်းစာမရောင်းခဲ့ရဘူး
ဖိနပ်အကောင်းစား၊အင်္ကျီအကောင်းစား၊ဘ၀အကောင်းစား
ထပ်ခိုးပေါ်ကတစ်ခါပြုတ်ကျဖူးတယ်
ဒီအဖြစ်အပျက်တွေအားလုံးဟာအိပ်မက်ကနေစတာ
ဒီလိုနဲ့မနက်မိုးလင်းသွားတယ်ဆိုပါတော့
သူမရှိတော့ဘူး…………….သူမရှိတော့ဘူးလို့ 
အိမ်နီးနားချင်းတွေပြောပြချက်အရ
မနေ့ညကကြယ်တွေတော်တော်ကြွေတယ်
ပြီးလည်းပြီးရောဥက္ကာခဲတစ်လုံးပြုတ်ကျလာတာပဲ
ခုချိန်ထိစကားမေးမရသေးဘူး
“သူ့ကိုမွေးပြီးပြီးချင်းအသက်၂၀ပြည့်တယ်”
“ပန်းချီကားတွေဟာသူနဲ့တစ်ညလုံးစကားထိုင်ပြောလေ့ရှိတယ်”
“သူဟာအနုစိတ်ရူးသွပ်နေတဲ့မှတ်စုတစ်အုပ်ပဲ”
သူဟာသူ့ကိုယ်သူပင့်ကူအိမ်တစ်ခုလို့ခံယူထားတယ်
သူဟာသူ့ကိုယ်သူငိုကြွေးလို့ မရတဲ့လူရွှင်တော်
သူဟာသူ့ကိုယ်သူရေတွက်လို့ မရတဲ့အကြွေစေ့
သူ့ရယ်သံတွေဟာကျိန်စာပဲ
မြင်ကွင်းဟာခုံးသွားလိုက်ခွက်လာလိုက်
လမ်းဆိုတာကိုယ်လျှောက်ခဲ့တဲ့အတိုင်းပဲကျန်ခဲ့မှာ
သူရွတ်ပြနေကျကဗျာ
ခုတလောသူချောင်းဆိုးတာစိတ်လာတယ်
သူ့ရင်ဘတ်ကိုဖြတ်လိုက်ရတော့မယ်တဲ့
အဲ့ဒီနောက်ပြန်ပွင့်လာတဲ့နေဟာအေးစက်နေသလို
အဲ့ဒီနောက်ဘယ်တောအုပ်မှာမှငှက်သံမကြားရတော့သလို
အဲ့ဒီနောက်ပြန်သေသွားတဲ့ပင်လယ်ဟာငြိမ်သက်လို့ ။
*တယ်ရီ
1.2.2013
1052pm
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment