ရေခဲမြစ်လို
သူကငါတို့ ကိုယ်တွေထဲမှာလမ်းလျှောက်ခဲ့တယ်
ငါတို့ နားရွက်တွေထဲမှာသူရှိခဲ့တယ်
ငါတို့ အသံတွေထဲမှာသူရှိခဲ့တယ်
ငါတို့ စကားလုံးတွေထဲမှာသူရှိခဲ့တယ်
ငါတို့ မေ့လျော့ခြင်းထဲမှာလည်းသူရှိနေခဲ့တယ်
အိုစမာဗင်လာဒင်ဟာခေါင်းကိုပစ်ချခံလိုက်ရတယ်
ခေါင်းထဲမှာဘာမှမရှိဘဲ
ခေါင်းကိုကျည်ဆံလာမှန်တာနဲ့ သေရောတဲ့
သူ့ ဒီအန်အေကိုသူ့ နောက်မှသေမယ့်ကဒါဖီဆီကနေရတယ်
တိမ်တိုက်ဆိုတာတစ်နေရာရာကိုသွားစရာရှိလို့ ရွေ့ လျားနေတာမဟုတ်
ရည်ရွယ်ချက်မထားလေဘ၀ဟာပိုပြီးပျော်ရွှင်ချမ်းမြေ့ ဖွယ်ကောင်းလေ......။
မောင်ဖီလာ
No comments:
Post a Comment